Tuesday, April 3, 2007

မြန်မာ့သင်္ကြန်၊ မန္တလေးမြို့ နှင့် သင်္ကြန်သီချင်းများ။




သင်္ကြန်နဲ့ မန္တလေးဆိုတာ ခွဲခြားလို့ရမယ်မထင်ဘူး။ သင်္ကြန်သီချင်း တော်တော်များများဟာလည်း မန္တလေးရဲ့ အငွေ့အသက်နဲ့ မကင်းကြတာများပါတယ်။ အသစ်ဘယ်လောက်ကောင်းကောင်းအဟောင်း ကိုတော့ တလည်လည်ပါဆိုတဲ့အတိုင်း သင်္ကြန်သီချင်း အသစ်တွေအများကြီး ရေးကြဆိုကြနေပေမယ့် ရှေးတုန်းက သီချင်းလောက် လူတိုင်းနားထဲစွဲသွားတဲ့သီချင်းမျိုးရှားတာတွေ့ရပါတယ်။ ဘာကြောင့်လဲ။ အခုတလောပိုတောင်ဆိုးသေး ဘာတွေဆိုလို့ဆိုနေမှန်းမသိဘူး။ နားထောင်ပြီးကြပလား။ အာလောက်လောက်..........အာလောက်လောက်............................

အခုတော့မန္တလေးသင်္ကြန်လဲ သိပ်ပျော်စရာတော့မကောင်းတော့ ပါဘူးလေ။ ကျုံးပတ်ဝန်းကျင်မှာပဲ သင်္ကြန်ကျတော့တာသိလား။ ရှေးတုန်ကဆို သိပ်ပျော်ဖို့ကောင်းတယ်တဲ့။ မန္တလေးသူတွေရဲ့ သင်္ကြန်အတွက်ပြင်ကြဆင်ကြတဲ့အကြောင်တွေ စာအုပ်တွေထဲအများကြီး ဖတ်ဖူးတယ်။ ကျွန်တော်တို့လဲ နည်းနည်းတော့မှီပါသေးတယ်။ မြို့မရဲ့ ကားနောက်ကလိုက်ပြီး သီချင်းတွေလိုက်ဆိုရတာ အရမ်းပျော်စရာကောင်းတယ်။ ဒိနှစ်လည်း မြို့မနောက်ကို လိုက်ပြိးနားထောင်ဦးမယ်။

No comments: